ဖုန်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် တိုင်တန်းမှုများကို ကျွန်ုပ်တို့ ကူညီဖြေရှင်းပေးပါသည်။
ကျွန်ုပ်တို့သည် အခမဲ့ဖြစ်ပြီး အမှီအခိုကင်းသော ဝန်ဆောင်မှုတစ်ရပ် ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ငွေပေးချေရမည်မဟုတ်ဘဲ ကျွန်ုပ်တို့က ဘက်လိုက်ခြင်းမရှိပါ။
The Telecommunications Industry Ombudsman သည် အောက်ပါတို့အတွက် ကူညီပေးနိုင်ပါသည် -
-
စာချုပ်များ - သင်မရရှိခဲ့သော တစ်စုံတစ်ခုအတွက် သင် သဘောတူညီခဲ့ပါသလား။
-
ငွတောင်းခံလွှာများ - သင်၏ ငွေတောင်းခံလွှာမှာ မှားယွင်းနေသည်ဟု သင်ထင်ပါသလား သို့မဟုတ် ငွေပေးချေရာတွင် သင် အခက်အခဲတွေ့နေပါသလား။
-
ချွတ်ယွင်းမှုများနှင့် ဝန်ဆောင်မှုပိုင်း အခက်အခဲများ - သင်၏ ဖုန်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုမှာ အလုပ်မလုပ်ဘဲဖြစ်နေပါသလား။
-
လိုင်းပြတ်တောက်မှုများ - သင်၏ ဖုန်း သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုမှာ အလုပ်မလုပ်ဘဲဖြစ်နေပါသလား။
-
ကြွေးကောက်ခံခြင်း - သင့်အကြွေးမဟုတ်ဘဲ အတောင်းခံနေရပါသလား။
-
ရောင်းချမှုဆိုင်ရာ အလေ့အကျင့်များ - သင် ငွေကြေးမတတ်နိုင်သော အစီအစဉ်တစ်ခု သို့မဟုတ် ကိရိယာတစ်ခုကို သင့်အား ရောင်းချလိုက်ပါသလား။
သင်နှင့် ဝန်ဆောင်မှုပေးအပ်သူများနှင့်အတူ ကျွန်ုပ်တို့ အလုပ်လုပ်ပံ
သင် သို့မဟုတ် သင် ဖုန်းခေါ်သူသည် ဖုန်း သို့မဟုတ် အင်တာနက်လိုင်းတစ်လိုင်းကို အသုံးပြုပါက ကျွန်ုပ်တို့ သင့်ကိုကူညီပေးနိုင်ပါသည်။ ၎င်းသည် အိမ်တွင်း သို့မဟုတ် လုပ်ငန်းငယ်တစ်ခုတွင် အသုံးပြုသော ဝန်ဆောင်မှုတစ်ခု ဖြစ်နိုင်ပါသည်။ ၎င်း၏အလုပ်လုပ်ပုံမှာ ယခုအတိုင်းဖြစ်ပါသည် -
-
သင်၏ ဝန်ဆောင်မှုပေးသူထံသို့ တိုင်တန်းပြီးနောက် ဖြေရှင်းရန် သင်ကြိုးစားသည်။
-
သင်၏တိုင်တန်းမှုကို ဝန်ဆောင်မှုပေးသူက ဖြေရှင်းမပေးနိုင်ပါက ကျွန်ုပ်တို့ထံ ဖုန်းဆက်ပါ။
-
ထိုတိုင်တန်းမှုကို ကျွန်ုပ်တို့ ဖြေရှင်းပေးနိုင်ခြင်းရှိမရှိ ဆုံးဖြတ်ပါမည်။
-
တိုင်တန်းမှုကို ဖြေရှင်းပေးရန်အတွက် သင်၊ ဝန်ဆောင်မှုပေးသူတို့နှင့်အတူ ကျွန်ုပ်တို့ အတူတကွလုပ်ဆောင်ပါသည်။
-
သင်နှင့် ဝန်ဆောင်မှုပေးသူတို့က သဘောမတူပါက Ombudsman သည် တိုင်တန်းမှုကို မည်သို့ဖြေရှင်းမည်နည်းဆိုသည်ကို ဆုံးဖြတ်နိုင်ပါသည်။
သင့်ကိုကူညီပေးနိုင်ရန် တစ်စုံတစ်ဦးကို ရှာဖွေခြင်း
သင် သို့မဟုတ် သင့်လုပ်ငန်းအတွက် ကိုယ်စား တိုင်တန်းပေးရန် မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တစ်ဦး သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးကဲ့သို့သော အခြားသူတစ်ဦးဦးကိုလည်း သင်တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏ ခွင့်ပြုချက်ရယူခြင်းဆိုင်ရာ ပုံစံစာရွက်များကို ဖုန်းဖြင့် တောင်းခံပါ သို့မဟုတ် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်ပေါ်တွင် ၎င်းတို့ကိုရှာဖွေပါ။
ကျွန်ုပ်တို့ထံ ဆက်သွယ်ပ
ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် www.tio.com.au/complaints မှတစ်ဆင့် သို့မဟုတ် 1800 062 058 သို့ ခေါ်ဆိုခြင်းအားဖြင့် သင် တိုင်တန်းနိုင်ပါသည
PO Box 276, Collins Street West, VIC 8007 သို့ သင် စာပို့နိုင်သလို 1800 630 614 သို့လည်း ဖက်စ်ပို့နိုင်ပါသည်။

အင်္ဂလိပ်ဘာသာမဟုတ်သော ဘာသာစကားတစ်ခုခုကို သင်အသုံးပြုရန် လိုအပ်ပါက ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှုကို 131 450 တွင် ခေါ်ဆိုပါ၊ ကျွန်ုပ်တို့နှင့်စကားပြောနိုင်ရန် သူတို့က သင့်ကိုကူညီပါလိမ့်မည်။ သူတို့သည် အခမဲ့ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
အထက်ပါဖုန်းနံပါတ်များသို့ မိုဘိုင်းဖုန်းများဖြင့် ခေါ်ဆိုခြင်းသည် ဖုန်းခေါ်ဆိုခများ ကျသင့်နိုင်ပါသည်။