Skip to Navigation Skip to Content Read about Accessibility on the Telecommunications Ombudsman website

Burmese

TIO အချက်အလက်အကျဉ်းချုပ်

 

ရေဒီယို၊ ရုပ်မြင်သံကြား၊ ကြေးနန်း၊ တယ်လီဖုန်း စသည်တို့နှင့် ဆက်သွယ်ခြင်းဆိုင်ရာ လုပ်ငန်းများ၏ ခုံသမာဓိလူကြီး (TIO) ဆိုသည်မှာ ဘာလဲ။

TIO ဆိုသည်မှာ တယ်လီဖုန်းနှင့် အင်တာနက်လုပ်ငန်းကုမ္ပဏီများနှင့် ဖြစ်ပွားသော ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိသူများအား အကူအညီပေးရန် ဖွင့်လှစ်ထားသော အခမဲ့ဝန်ဆောင်မှုဖြစ်ပါသည်။

သို့သော် သင့်အနေနှင့် ကျွန်ုပ်တို့ကို မဆက်သွယ်မီ သင့်မကျေနပ်ချက်ကို သင့်အား ဝန်ဆောင်မှုပေးသူနှင့် ဦးစွာဖြေရှင်းရန် ကြိုးစားရမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့က ဖြေရှင်းပေးနိုင်သည့် အကြောင်းအရာများ

TIO သည် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ဆက်နွယ်သော မိုဘိုင်းဖုန်း၊ အိမ်သုံးဖုန်းနှင့် အင်တာနက်ဆိုင်ရာ ကိစ္စများအပေါ် မကျေနပ်ချက်များကို ဖြေရှင်းပေးနိုင်ပါသည် -

  • အသုံးပြုခငွေ တောင်းခံလွှာ (မမှန်ကန်သော အစီအစဉ်စာချုပ် plan မှားယွင်းသော အသုံးပြုခငွေ တောင်းခံမှု၊ ရက်နောက်ကျ၍ တောင်းခံသော ငွေတောင်းခံမှုများအပါအဝင်)
  • မိုဘိုင်းဖုန်းများမှ text messsage ပို့ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၏ လစဉ်၊ နှစ်စဉ် အသုံးပြုခကြော်ငြာများအား လက်ခံရရှိနေရသောပြဿနာများ (၎င်းတို့ကို မတားဆီးနိုင်ခြင်း)
  • ချွတ်ယွင်းချက်များနှင့် ဝန်ဆောင်မှု အရည်အသွေး
  • ဆက်သွယ်မှုတွင် နောက်ကျခြင်း၊ နှောင့်နှေးခြင်း
  • ရရန်အကြွေးကို တောင်းခံသည့် လုပ်ဆောင်မှုများ (ပြန်လည်ပေးခြင်းဆိုင်ရာအစီအစဉ်နှင့် အကြွေးဆပ်ရန် ပျက်ကွက်မှုများအတွက် အခက်အခဲများအပါအဝင်)
  • သဘောတူစာချုပ်များ (မတရားသော သို့မဟုတ် မရှင်းလင်းသော ဝေါဟာရများနှင့် သတ်မှတ်ချက်များအပါအ၀င်)

ကျွန်ုပ်တို့က ဖြေရှင်းမပေးနိုင်သည့် အကြောင်းအရာများ

အောက်ဖော်ပြပါ အကြောင်းအရာများကို ကျွန်ုပ်တို့က မဖြေရှင်းပေးနိုင်ပါ -
  • ကျွန်ုပ်တို့ကို မဆက်သွယ်မီ လွန်ခဲ့သော နှစ်နှစ်ကျော်ကာလကတည်းက သင်သိနေခဲ့သော အကြောင်းကိစ္စများ (အချို့သောကိစ္စများအတွက် ကျွန်ုပ်တို့က ခြောက်နှစ်ကာလအထိ တိုးမြှင့်နိုင်ပါသည်။)
  • ရေဒီယို၊ ရုပ်မြင်သံကြား၊ ကြေးနန်း၊ တယ်လီဖုန်း စသည်တို့နှင့် ဆက်သွယ်ခြင်းဆိုင်ရာ အစိုးရ၏ မူဝါဒများ
  • ပုဂ္ဂလိကပိုင် ရေဒီယို၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်း ပစ္စည်းကိရိယာများ (လက်ကိုင်မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာများအတွက် ငွေအပြည့်ပေးချေပြီးသည်များအပါအဝင်)
  • မိုဘိုင်းဖုန်းခေါ်သံ လစဉ်၊ နှစ်စဉ် အသုံးပြုခ သို့မဟုတ် ဝက်ဘ်ဆိုက်များဆိုင်ရာ ဝန်ဆောင်မှုများတွင် ပါဝင်သော အကြောင်းအရာများ
  • ကုမ္ပဏီများက သူတို့၏ ဝန်ဆောင်မှုများနှင့် ထုတ်လုပ်သော ပစ္စည်းများအတွက် တောင်းခံသည့်ဈေးနှုန်း
  • တရားရုံး သို့မဟုတ် အယူခံရုံးတွင် တရားရင်ဆိုင်ခဲ့ရသော (သို့မဟုတ် တရားရင်ဆိုင်ရန် အစီအစဉ်ရှိနေသော) ကိစ္စရပ်များ

စကားပြန်ဝန်ဆောင်မှု

အကယ်၍ သင်စကားပြန်လိုအပ်ပါက ကျေးဇူးပြု၍ ၁၃၁ ၄၅၀ ကို ဆက်ပါ။ ဤဝန်ဆောင်မှုသည် အခမဲ့ဖြစ်ပါသည်။ အကယ်၍ သင် အင်္ဂလိပ်ဘာသာစကားဖြင့်ပြောရန် မိမိကိုယ်မိမိ ယုံကြည်မှု မရှိလျှင် သင့်ကိုယ်စား TIO ထံ မကျေနပ်မှုဖွင့်ဟရန် တစ်စုံတစ်ဦးကို သင့်ကိုယ်စား တာဝန်လွှဲအပ်နိုင်ပါသည်။

TIO ထံသို့ ဆက်သွယ်ခြင်း
အခမဲ့ဖုန်း 1800 062 058*
TTY: 1800 675 692
   
ကျွန်ုပ်တို့ထံ စာရေးဆက်သွယ်ရန် -
အခမဲ့ ဖက်စ် 1800 630 614
အီးမေးလ် tio@tio.com.au
စာပို့ရန်
PO Box 276
  Collins Street West Vic 8007

* မိုဘိုင်းဖုန်းများမှတစ်ဆင့် ဆက်သွယ်ခြင်းသည် ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းပေါ်မူတည်ပြီး ဆက်သွယ်ခပမာဏတစ်ခု ကုန်ကျမည်ဖြစ်သည်။ အကယ်၍သင် မိုဘိုင်းဖုန်းမှတဆင့် ဆက်သွယ်နေပါက ကျွန်ုပ်တို့ကို ပြောပြပါ၊ ကျွန်ုပ်တို့က သင့်အား ပြန်ခေါ်ပါမည်။

 

 

 

 

 

 

 

 

 

Faulty landlines

Case Study - Richard

The owner of a telemarketing business contacted us to make a compensation claim for lost profit.

Next step?